Worshiping Buddha
ပကိဏ္ဏက
နမက္ကာရ အစိန္တေယျကြီး ဘုရားရှိခိုး
၁။ အစိန္တေယျ၊ အပ္ပမေယျ၊ သေဋ္ဌဇေဋ္ဌ၊ အတုလပရမံ၊ အရဟံ ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓ၊ အနုတ္တရမာနဇိ၊ တိလောကန္တဂူ၊ သယမ္ဗူဘဝိဿရ၊ ဤသို့စသား၊ အသင်္ချေယျ၊ နာမတံဆိပ်၊ ဂုဏ်ဝိသိဋ္ဌ်ဖြင့်၊ ဇမ္ဗူဒိပ်မှတက်၍၊ ဘဝဂ်တိုင် ကြေညာလျက်၊ ကာမရူပ၊ အရူပဟု၊ ဩကာသသုံးရပ်၊ လောကဓာတ်နှိုက်၊ အမြတ်ထက်အမြတ်၊ သမိုက်အပ်သော၊ လူနတ်ဗြဟ္မာ၊ မဟာကဝိန်၊ သုခမိန်တို့သည်၊ ပညိန္ဒြေရှိတိုင်းဖြင့်၊ ခြားပိုင်းထွက်ကျုံး၍၊ မဆုံးမကုန်နိုင်၊ မကြံစည်နိုင်၊ မအံ့ဩနိုင်၊ ပြည့်လှိုင်ထွေပြား၊ များပြားကျယ်ဝန်းသော၊ ကျေးဇူးတော်အပုံ၊ ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူထသော---.
၂။
အမျိုးဖြင့်မြတ်သောသူ၊ ဘုန်းဖြင့်မြတ်သောသူ၊ ဂုဏ်ဖြင့်မြတ်သောသူတို့သည်၊ မာန်မူဖက်ပြိုင်ခြင်း
ငှာမထိုက်၊
မကိုဋ်မင်္ဂလာ၊
ဤကမ္ဘာနှိုက်၊ ပထမာဒိက၊
ဘူမိပါလ၊
အာဒိစ္စဂိုဏ်း၊
တိုင်းပြုပြည်ပြု၊
သမ္မုတိဓေ
ဝရာဇ်၊
နေနွယ်ဖြစ်၍၊
စင်စစ် အမျိုးတော်အားဖြင့် မြတ်သော၊ ဇာတိမဟတ္တဂုဏ်၊ သုံးဘုံရပ်လုံး၊ ညွတ်ရုံးကော်
ရော်၊
ပူဇော်ဦးညွတ်ရာဖြစ်၍၊
စင်စစ် ဘုန်းတော်အားဖြင့် လွန်မြတ်သော ပုညမဟတ္တဂုဏ်၊ ဝသုန်သေလာ၊
အဏ္ဏဝါကို၊
မြူလွှာပြုလျက်၊
နှိုင်းတုစက်လည်း၊
ကျေးဇူးနက်တိုင်၊
မကုန်နိုင်သည်ဖြစ်၍၊
စင်စစ် ဂုဏ်တော်
အားဖြင့်
မြတ်သော ဂုဏမဟတ္တဂုဏ်၊ ဤသုံးစုံကြောင့်၊ လူ့ဘုန်နတ်ဌာန်၊ ပြိုင်စံယှဉ်ဖော်၊ မပေါ်မပြူ၊ တစ်ဆူ
တည်းသော
အပ္ပဋိပုဂ္ဂိုလ်
ဖြစ်တော်မူထသော---.
၃။
ဇမ္ဗူ့ကျက်သရေ၊ ချက်ဗွေဘူမိ၊ အပရာဇိခရိုင်၊ ညောင်မဏ္ဍိုင်ကို၊ စိုးပိုင်တော်မူအံ့သော ကာလနှိုက်၊ ကာမလောကဓာတ်၊ ခုနစ်ရပ်လုံး၊ ဆတ်ဆတ်လှိုက်ခုန်၊ တုန်ဘနန်းမျှ၊ သန်းအကုဋေ၊ နတ်ဗိုလ်ခြေနှင့်၊ မိုးမြေ
ကြည်းဟည်း၊
ပဲ့တင်တီးအောင်၊
ဖျက်ဆီးလုယက်လာသော၊
မေခလာဂီရိ၊
တောင်တရှိမျှ၊
ပြောင်ကြီးသေဋ္ဌ်နင်း၊
မာရ်နတ်မင်းကို၊ ဖြည့်တင်းတော်မူခဲ့သော ပါရမီဉာဏ်၊ ကံသမ္ဘာရှိန်၊ ဝရဇိန်လျှံပြောင်၊ ရွှေဘုန်းရောင်ဖြင့်၊ မှောင်မဝင်ခင်၊ အောင်မြင်တော်မူစေ၍၊ ကိလေသာစက်၊ သုံးထောင်ဝက်ကို၊ ဖြိုဖျက်တိုက်လှန်ခြင်းငှာ၊ အာ
နာပါန
ဘာဝနာဖြင့်၊
ရူပါဝစရ၊
အရူပါဝစရ၊
စတုတ္ထသမာပတ်တို့ကို၊
အာဝဇ္ဇနဝသီ၊
သမာပဇ္ဇနဝသီ၊
ပစ္စဝေက္ခဏဝသီ၊
အဓိဋ္ဌာနဝသီ၊
ဝုဋ္ဌာနဝသီတည်းဟူသော၊
ဝသီဘော်ငါးတန်ဖြင့်၊
အဖန်ဖန် လေ့လာတော်မူပြီးလျှင်၊ ရှေးတီးကာလ၊
ဘဝရှည်ကျူး၊
ဖြစ်ဖူးသမျှ၊
ဒေသရပ်ရွာ၊
ခန္ဓာပင်စည်၊
အမည်အမျိုးစသော၊
ပရမတ် ပညတ်တို့ကို၊
တပ်အပ်သိနိုင်စွမ်းသော
ပုဗ္ဗေနိဝါသဉာဏ်၊
သုံးတန်ဘုံသား၊
အများသတ္တ၊
ဝေနေယျတို့၏၊
ကမ္မဂတိ၊ နတ်ပဋိသန်၊
လားရန်ဌာနနှင့်တကွ၊
ဒူရပဋိစ္ဆန္န၊
သဏှသုခုမဖြစ်သော
ရူပါရုံကို၊
အကုန်မြင်နိုင်စွမ်းသော
ဒိဗ္စက္ခုဉာဏ်၊
လေးတန်ဩဃ၊
အာသဝနှင့်၊
ယောဂဂန္ထာ၊
လေးဖြာဥပါဒါန်၊
ခြောက်တန်နီဝရဏ၊
အနုသယခုနစ်အင်၊
သံယောဇဉ်ဆယ်တန်၊
ခြံရံလျက်သား၊
များစွာသော
အကုသိုလ်၊
ဗိုလ်ခြေကွပ်ကဲ၊
သူရဲကိလေသာ၊ထောင့်ငါးရာတို့ကို၊ စင်စွာပယ်ဖြတ်၊ အလွန်မြတ်သောကြောင့်၊ အရဟတ္တမဂ္ဂ၊ အမည်ရသော၊ အသဝက္ခယဉာဏ်၊
ဤသုံးတန်သော
ဝိဇ္ဇာ၊ ခွဲစိတ်ဖြာသော်၊ ဝိဇ္ဇာရှစ်ပါးနှင့်၊ ပြည့်စုံတော်မူသဖြင့်၊ သယမ္ဘူအထွတ်၊ လူတမွတ်ဟု
မချွတ်သမိုက်အပ်သော---.
၄။ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာဟူသမျှတို့၊ ရခြင်းငှာမထိုက်၊ သုံးတိုက်ဘုံသား၊ အများသတ္တ၊ ဝေနေယျ ပုဂ္ဂိုလ်တို့
၏၊
အလိုဆန္ဒ၊
အာသယကိန်းဟန်ကို၊
ဧကန်သိမြင်နိုင်သော၊
အာသယာနုသယဉာဏ်၊
ဣန္ဒြေရင့်မရင့်ကို၊
ထောက်ချင့်သိနိုင်စွမ်းသော၊
ဣန္ဒြိယ ပရောပရိယတ္တိဉာဏ်၊ ပရမတ်ပညတ်၊ အရပ်ရပ်လုံးစုံကို၊ အကုန်အစင်၊ သိမြင်နိုင်သော၊ သဗ္ဗညုတဉာဏ်၊ သင်္ခါရ၊ ဝိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်တည်းဟူသော ဉေယျဓံငါးအင် ကို၊ သိမြင်တော်မူရာ၌၊ ဆီးကာ ပိတ်ပင်ခြင်းမရှိသော အနာဝရဉာဏ်၊ ယမိုက်ပြာဋိဟာ၊ လွှတ်ခြင်းအရာ၌၊ လေ့လာတော်မူနိုင်သော ယမကပါဋိဟာရိယဉာဏ်၊ သနားထိုက်လှစွာသော၊ ဝေနေယျသတ္တဝါကို၊ လွန်စွာသနားတော်မူသော မဟာကရုဏာ
သမပတ္တိဉာဏ်၊
ဤခြောက်တန်သော
ဆအသာဓာရဏ၊
ဉာဏလျှံပြောင်၊ မြတ်တန်ဆောင်ကို၊ ညှိထောင်ထွန်းစိုက်တော်မူသည်ဖြစ်၍၊ ဝေးနီးစကြာဝဠာ၊ သမန္တာရပ်၊ လောကဓာတ်တို့ကို၊
ထုတ်ခပ်ထင်ထင်၊
ရှုမြင်တော်မူနိုင်သော
ပသာဒစက္ခု၊
ဉာဏစက္ခု၊
ဒိဗ္ဗစက္ခု၊
ဗုဒ္ဓစက္ခု၊
သမန္တစက္ခုတည်းဟူသော
မျက်စိတော်ငါးလုံးဖြင့်၊
အဆုံးမဲ့
မြင်တော်မူပြီးထသော---.
၅။
ပလ္လင်အနိမိသ၊ စင်္ကမှသည်၊ စတုတ္ထသတ္တာဟဝယ်၊ ရတနာရွှေအိမ်၊ ချမ်းရိပ်ငြိမ်နှိုက်၊ မွေ့သိမ်စံပယ်
တော်မူကာ၊
အဘိဓမ္မာခုနစ်ကျမ်းတွင်၊
ပဋ္ဌာန်းဒေသနာကို၊
လေ့လာဆင်ခြင်တော်မူသော၊
အာနုဘောတော်
ကြောင့်၊
အသွေးတော်
အသားတော်၊
အရိုးတော်စု
ဝတ္ထုပသာဒိန္ဒြေအလုံးမှ၊
ပြိုးပြုံးပြိုးပြက်၊
ရိုးရိုးရက်
တောက်ပလျက်၊
နီလ၊ ပီတ၊ လောဟိတ၊ ဩဒါတ၊ မဉ္ဇိဋ္ဌ၊ ပဘာသရာ၊ မိလ္လာရည်လို၊ ဖိတ်ဖိတ်ယိုမျှ၊ ညိုသော
ရောင်ခြည်တော်၊ ဖဲကတ္တီပါ၊
ဂီဝါလျှပ်ပြေ၊
ရွှန်းရွှန်းဝေမျှ၊
ရွှေသောရောင်ခြည်တော်။
ကသစ်ခေါင်ရန်း၊
ပန်း
ကြက်မောက်ပီ၊
တွေးတွေးချီမျှ၊
နီသောရောင်ခြည်တော်၊
သာစွာဘော်ကြူ၊
ဖွေးဖွေးလူသကဲ့သို့၊
ဖြူသောရောင်
ခြည်တော်။
ပြာလျှံညိုလျှံ၊
ခိုလျှံစုပေါင်း၊
ရှုမညောင်းမျှ၊
မောင်းသောရောင်ခြည်တော်။
ထွန်းပေါ်ဝင်းဝင်း၊
ထိန်
လင်းစက်စက်၊ လျှပ်စစ်လက်သကဲ့သို့၊ ပြိုးပြိုးပျက်သော ရောင်ခြည်တော်တည်းဟူသော၊ ရောင်ခြည်တော်
ခြောက်ဆိုင်ကို၊ တစ်ပြိုင်တည်းကွန့်မြူးစေလျက်၊ လ-နေအတိ၊ လျှံပြီပြောင်ပြောင်၊ ဗိမာန်ရောင်နှင့်၊ သောင်း
ထောင်စကြာဝဠာ၊ ထွန်းလင်းဖြာသော၊ ဗြဟ္မာကြီးတို့၏ ကိုယ်ရောင်ကိုလျက်၊ နှိပ်စက်လွှမ်းမိုးနိုင်သော ကိုယ်
တော်ရောင်တို့ဖြင့်၊ အထောင်အသောင်းသော လောကဓာတ်ကို၊
တလျှပ်လျှပ်
ထွန်းလင်းတော်မူပြီးထသော---.
၆။
ပရိဗိုဇ်တက္ကတွန်း၊ ရဟန်းရသေ့၊ မုနေ့ အရည်း၊ ဦးပြည်းတပသီ၊ ဗေရာဂီတို့၏၊ ဝါဒီအလိုက်၊ စရိုက်
ဘာဝ၊
ကျင့်ဆောင်ကြသော၊
သာသနာ့ဗာဟီ၊
လောကီသီလတို့ထက်၊
ဆထက်ထောင်ရာ၊
သာလွန်ဘိသဖြင့်၊
အဓိသီလဟု
သမုတ်အပ်သော၊
အာပတ်ခုနစ်ပုံကို၊
လုံခြုံစွာစောင့်ကြောင်းဖြစ်သော၊ ပါတိမောက္ခသံဝရသီလ၊
ဣန္ဒြေခြောက်ပါးကို၊ တားမြစ်ပိတ်ပင်ကြောင်းဖြစ်သော၊ ဣန္ဒြိယသံဝရသီလ။ မိစ္ဆာဇီဝမှ ကြဉ်ခွာလျက် စင်
ကြယ်စွာ
အသက်မွေးကြောင်းဖြစ်သော
အာဇီဝပါရိသုဒ္ဓိသီလ၊
ပစ္စည်းလေးဖြာကို၊
ပစ္စဝေက္ခဏာတင်၍၊
ဆင်ခြင်သုံးခြင်းတည်းဟူသော ပစ္စယသန္နိဿိတသီလ။ ဤလေးဝသော စတုပါရိ၊ သုဒ္ဓိတံခွန်၊ အလွန်ဖြူစင်၊ မြူမတင်ခြင်းတည်းဟူသော သီလဝိသုဒ္ဓိ။
မဟဂ္ဂုတ်လောကုတ္တရာဈာန်၊
မြဲမြံစွာ
လေ့လာခြင်းတည်းဟူသော
စိတ္တဝိသုဒ္ဓိ၊ခြောက်ဆယ့်နှစ်ဖြာသော၊ မိစ္ဆာဝါဒီ၊ ဝိတဏ္ဍီညစ်ကြေးမှ၊ ကင်းဝေးဖြူစင်လျက် အယူ၏ စင်ကြယ်ခြင်းတည်းဟူသော ဒိဋ္ဌိဝိသုဒ္ဓိ။ တစ်ဆယ့်ခြောက်ပါးသော ယုံမှားသင်္ကာကို၊ ဖြတ်ခွာလွန်မြောက်နိုင်သော၊ ဉာဏ်၏စင်ကြယ်ခြင်းတည်းဟူသော ကင်္ခါဝိတရဏဝိသုဒ္ဓိ။ မဂ်ဟုတ်သည် မဟုတ်သည်ကို မြင်နိုင်သော၊ ဉာဏ်၏ စင်ကြယ်ခြင်းတည်းဟူသော မဂ္ဂမဂ္ဂါဉာဏဒဿန ဝိသုဒ္ဓိ။ မဂ်သို့ရောက်ကြောင်း၊ အကျင့်ကောင်းကိုမြင်နိုင်သော
ဉာဏ်၏စင်ကြယ်ခြင်းတည်းဟူသော
ပဋိပဒါဉာဏဒဿန
ဝိသုဒ္ဓိ။
မဂ်လေးရပ်နှင့်၊
သဟဇာတ်သမ္ပယုတ်ဖြစ်၍ သစ္စာလေးတန်ကို၊ ဆယ့်ခြောက်နက်ဝေဘန်၍၊ ဧကန်သိမြင်နိုင်သော ဉာဏဒဿန ဝိသုဒ္ဓိတည်းဟူသော
ဝိသုဒ္ဓိခုနစ်ပါး၊
တရားဘွဲ့ဖြူ၊
သရဖူမကိုဋ်၊
ဦးစိုက်မင်္ဂလာ၊
မြတ်တန်ဆာကို၊
တင့်တယ်စွာ
ဆင်ယင်လျက်၊
တဒင်္ဂဝိမုတ္တိ၊
ဝိက္ခမ္ဘနဝိမုတ္တိ၊
သမုစ္ဆေဒဝိမုတ္တိ၊
ပဋိပဿမ္ဘန
ဝိမုတ္တိ၊ နိဿရဏဝိမုတ္တိ တည်းဟူသော ဝိမုတ္တိငါးရပ်၊ တရားမြတ်ကြောင့်၊ လောကဓာအလုံး၊
ညွတ်ကျုံးပူဇော်ရာ၊
အာဂါရမုနိ၊
အနာဂါရမုနိ၊
သေက္ခမုနိအသေက္ခမုနိ၊
ပစ္စေကမုနိတို့ထက်၊ ကဲတက်လွန်မြတ်စွာ၊ မုနိန္ဒာဘိပဝရ၊ အတုလမုနိလည်း
ဖြစ်တော်မူထသော---
၇။ ဂင်္ဂါဝါဠု၊ သဲစုမြူဟန်၊ ပမာတန်ကဲ့သို့၊ အနန္တဂူ၊ နိဗ္ဗာန်ယူကုန်သော၊ ဆူဆူမြတ်စွာ၊ စောသတ္တာတို့၏၊
သွားရာလမ်းကြောင်း၊ စရိုက်ကောင်းမူလဖြစ်သော၊ သီလသံဝရ၊ ဣန္ဒြိယသံဝရ၊ ဘောဇနမတ္တညုတာ၊ ဇာဂရိ
ယာနုယောဂ၊
သဒ္ဓါ၊ သတိ၊ ဟီရိ၊ ဩတ္တပ္ပ၊ ဗာဟုသစ္စ၊ ဝီရိယ၊ ပညာ၊ လေးဖြာဈာန်တည်းဟူသော စရဏတရား တစ်ဆယ့်ငါးပါးတို့ကို၊ အားသစ် ကျင့်ဆောင်တော်မူသဖြင့်၊ သယမ္ဘူတကာ၊ ပြည့်စုံရာသား၊ နာနာကုလတို့၏၊
ဝေါဟာရသဒ္ဒါအနက်ကို၊ အချက်ကျသိနိုင်သော အတ္တပဋိသမ္ဘိဒါ၊ ဝါစာဂီရတ်၊
နှုတ်သံလွှတ်က၊
ဇာတ်တူတူ
မတူတူ၊ ဘာသာဟူသမျှတို့က၊ ဧကန္တသိနိုင်သော ဓမ္မပဋိသမ္ဘိဒါ၊ တစ်ခုတစ်ခုသော ပုဒ်အက္ခရာကို၊ သဒ္ဒါ၏အ
လို၊
ဝိဂြိုဟ်, ဝစနတ်, ဓာတ်, ပစ္စည်း, လိင်အန်ဖြင့်၊ ဝေဘန်၍သိနိုင်သော နိရုတ္တိပဋိသမ္ဘိဒါ၊ ကိုယ်တိုင်သိသမျှတရားတို့ကို၊
သူတစ်ပါးသိစိမ့်သောငှာ၊
သဒ္ဒါပညတ်သို့တင်၍၊
စုံလင်စွာ
မြွက်ဆိုတတ်သော
ပဋိဘာနပဋိသမ္ဘိဒါတည်းဟူသော
သမ္ဘိဒါလေးပါး။
ဣဒ္ဓိဝိဒ၊
ဒိဗ္ဗစက္ခု၊
ဒိဗ္ဗသောတ၊
စေတောပရိယ၊
ပုဗ္ဗေနိဝါသာနုဿတိ၊
ယထာကမ္မုပဂ၊ အနာဂတံသတည်းဟူသော အဘိညာဉ်ခုနစ်ပါး။ ရူပဈာန်လေးရပ်၊ အရူပဈာန်လေးရပ်အားဖြင့်၊ သမာပတ်ရှစ်ပါး။ ကျေးဇူးတော်
တစ်ဆယ့်ရှစ်ပါး။
ထူးပြားဆန်းကြယ်၊
အံ့ဖွယ်တော်
တစ်ဆယ့်ရှစ်စုံ။
ထိုမျှဂုဏ်ကို၊
ဥဿုံ စိုးပိုင်တော်မူပြီးထသော---
၈။ ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ် ဤငါးတန်တို့ကို၊ တိုက်လှန်ဖြိုခွဲ၍၊ အောင်ပွဲယူနိုင်၊ ရဲခေါင်တိုင်သော၊ ကာယာနုပဿနာ
သတိပဋ္ဌာန်၊
ဝေဒနာနုပဿနာသတိပဋ္ဌာန်၊
စိတ္တာနုပဿနာသတိပဋ္ဌာန်၊ ဓမ္မာနုပဿနာသတိပဋ္ဌာန်တည်းဟူသော သတိပဋ္ဌာန်လေးပါး၊ ဖြစ်ပြီးသော အကုသိုလ်တို့ကိုပယ်ခြင်း၊
မဖြစ်သေးသော
ကုသိုလ်တရားတို့ကို
ဖြစ်ပွားအောင်
လုံ့လပြုခြင်း၊
ဖြစ်ပြီးသော
ကုသိုလ်တရားတို့ကို
ကြီးပွားစည်ပင်စိမ့်သောငှာ၊
လွန်စွာလုံ့လပြုခြင်းတည်းဟူသော
သမ္မပ္ပဓာန်လေးပါး။
ဆန္ဒိဒ္ဓိပါဒ်၊
ဝီရိယိဒ္ဓိပါဒ်၊
စိတ္တိဒ္ဓိပါဒ်၊
ဝိမံသိဒ္ဓိပါဒ်တည်းဟူသော၊
ဣဒ္ဓိပါဒ်လေးပါး၊
သိဒ္ဓိန္ဒြေ၊
ဝီရိယိ
န္ဒြေ၊
သတိန္ဒြေ၊
သမာဓိန္ဓေ၊
ပညိန္ဒြေတည်းဟူသော၊ ဣန္ဒြေငါးပါး၊ သဒ္ဓါဗိုလ်၊
ဝီရိယဗိုလ်၊
သတိဗိုလ်၊
သမာဓိဗိုလ်၊
ပညာဗိုလ်တည်းဟူသော
ဗိုလ်ငါးပါး။
သတိသမ္ဗောဇ္ဈင်၊
ဓမ္ဓဝိဇယသမ္ဗောဇ္ဈင်၊
ဝီရိယသမ္ဗောဇ္ဈင်၊
ပီတိသမ္ဗောဇ္ဈင်၊
ပဿဒ္ဓိသမ္ဗောဇ္ဈင်၊
သမာဓိသမ္ဗောဇ္ဈင်၊
ဥပေက္ခာသမ္ဗောဇ္ဈင်
တည်းဟူသော
ဗောဇ္ဈင်ခုနစ်ပါး၊
သမ္မာဒိဋ္ဌိ၊
သမ္မာသင်္ကပ္ပ၊
သမ္မာဝါစာ၊
သမ္မာကမ္မန္တ၊
သမ္မာအာဇီဝ၊
သမ္မာဝါယာမ၊
သမ္မာသတိ၊
သမ္မာသမာဓိတည်းဟူသော
မဂ္ဂင်ရှစ်ပါး၊
ဤသို့အားဖြင့်၊
ပိုင်းခြားတွက်ဖွဲ့၊ သုံးဆယ့်ခုနစ်ရပ်၊ အလွန်မြတ်သော၊ ဗောဓိပက္ခိယ၊
ဓမ္မအကျော်၊
ရဲမက်တော်တို့ကို၊
ကိုယ်ရံတော်
ကြီး၊
ဦးစီးဗိုလ်ချုပ်တင်လျက်၊
အသင်္ချေချေ၊
တွက်ရေမဆုံး၊
ပတ်ကုံးကိလေသာ၊
မာရ်ဗိုလ်ပါတို့ကို၊
ဆံလွှာမ
ကြွင်းအောင်၊
ခုတ်စဉ်းတိုက်သိမ်း၊
အငြိမ်းအောင်မြင်တော်မူသဖြင့်၊
အသင်္ခတ၊
ခေမရွှေဘုံ၊
ဓမ္မာရုံသဘင်၊
မြိုက်နန်းခွင်၌၊
ဥကင်စွင့်စွင့်၊
ဖွင့်တော်မူပြီးထသော---
၉။ လေးအသင်္ချေ၊ လွန်လေတစ်သိန်း၊ တွက်ကိန်းများလှ၊ ကပ်ထိုမျှ၌၊ လုံ့လကြိုးပမ်း၊ ဖြည့်စွမ်းဆည်းပူး
တော်မူခဲ့သော
ဒါနပါရမီ၊
သီလပါရမီ၊
နိက္ခမပါရမီ၊
ပညာပါရမီ၊
ဝီရိယပါရမီ၊
ခန္တီပါရမီ၊
သစ္စာပါရမီ၊
မေတ္တာပါရ
မီ၊
အဓိဋ္ဌာန်ပါရမီ၊
ဥပေက္ခာပါရမီ၊
ဆယ်လီသုံးစုံ၊
ကုသိုလ်ဟုန်ကြောင့်၊
လူ့ဘုံစံပျော်၊
အလောင်းတော်ဖြစ်ခါ
စပင်၊ ကာဠာဝက၊
ဂင်္ဂေယျနှင့်၊ ပဏ္ဍရ၊
တမ္ဗ၊ ပိင်္ဂလ၊ ဂန္ဓ၊ မင်္ဂလ၊ ဟေမ၊ ဥပေါသထ၊ ဆဒ္ဒန်၊ ဤဆယ်တန်သော၊
ဆင်မျိုးတို့၏၊
ဆယ်ဆတက် ဆယ်ဆတက် စီသော အားကိုဆောင်နိုင်သည်ဖြစ်၍၊ ယောကျ်ားဗိုလ်ခြေ၊ ကုဋေတစ်သောင်းတို့၏၊ ကာယဗလ၊
ဌာနာဌာန၊
ကောသလ္လဉာဏ်၊
ဝိပါကဉာဏ်၊
သဗ္ဗတ္ထဂါမိနီဉာဏ်၊
နာနာဓာတုဉာဏ်၊
အဓိမုတ္တိဉာဏ်၊
ဣန္ဒြိယပရောပရိယတ္တိဉာဏ်၊
ဒိဗ္ဗစက္ခုဉာဏ်၊
အာသဝက္ခယဉာဏ်တည်းဟူသော
ဆယ်ပါးသော
ဉာဏဗလကို
ရတော်မူသည်ဖြစ်၍၊
လူ့ပြည်နတ်ရပ်၊
ခေတ်သုံးထပ်ကို၊
အုပ်ကွပ်စိုးပိုင်၊ နိုင်တော်မူခြင်းတည်းဟူသော ဣဿရိယဘုန်းတော်၊ လောကုတ္ကရာတရား၊ မြတ်ကိုးပါးသို့၊ ထင်ရှားစွာရောက်ခြင်းတည်းဟူသော ဓမ္မဘုန်းတော်။ နရက်ဘဝဂ်၊
အောက်ထက်ပျံ့လှိုင်၊
သုံးခရိုင်၌၊
အဆုံးတိုင်
ကျော်စောတော်မူခြင်းတည်းဟူသော ယသဘုန်းတော်၊ သုံးဆယ့်နှစ်ပါး၊ သမိုက်ထားသော၊ ယောကျ်ားမြတ်တို့၏ လက္ခဏာ၊
ရောင်ဝါမြူတေ၊
ကျက်သရေအပေါင်းနှင့်
ပြည့်စုံတော်မူခြင်းတည်းဟူသော
သီရိဘုန်းတော်။
အလိုတော်ရှိသမျှ၊
တစ်ခဏခြင်းဖြင့်သာ၊
ပြည့်စုံလာခြင်းတည်းဟူသော
ကာမဘုန်းတော်။
နိဗ္ဗာန်ရောက်ရာ၊
ဒေသနာဖြင့်၊ ဗြဟ္မာနတ်လူ၊
သုံးဘုံသူတို့ကို၊
ကြည်ဖြူစွာလှ၊
သင်ဆုံးမ, သောကြောင့်၊ လောကလုံးကိုးကွယ်ရာ၊ ဆရာအဖြစ်သို့၊
ရောက်တော်မူခြင်းတည်းဟူသော
ပယတ္တဘုန်းတော်။
ဤခြောက်ဖော်သော၊
ဘုန်းတော်အမြတ်၊
ဂုဏ်အရဟတ်ဖြင့်၊
လောကဓာတ်လုံး၊
ညွတ်ရုံးညီကာ၊
ကောင်းချီးငြာလျက်၊
ဘဂဝါဟူသော
ဘွဲ့ပုံတော်အထူးဖြင့်၊
ညွတ်နူးကော်ရော်၊
ပူဇော်ချီးပ
အပ်သည်လည်း
ဖြစ်ထသော---
၁၀။ အဎ္ဍဆက္ကသတ၊ ဇာတကကို၊ ပုံပြသက်သေခံလျက်၊
အနန္တဘဝ၊ ဖြစ်ဖြစ်သမျှတို့၌၊ ဓနပရိစ္ဆာဂ၊ ပုတ္တပရိစ္ဆာဂတ၊ ဘရိယပရိစ္ဆာဂ၊ အင်္ဂပရိစ္ဆာဂ၊ ဇီဝိတပရိစ္ဆာဂတည်းဟူသော
စွန့်ခြင်းကြီးငါးအင်ကို၊ မဂ္ဂင်ဖေါင်ပျံ၊ စံလိုသူအပေါင်းတို့ထက်၊ ကဲဆောင်လွန်မောက်၊ အထောက်မတန် ပြုခဲ့သော၊
ဟေတုသမ္ပဒါ၊ မြတ်သမ္ဘာ ကြောင့်၊ အနိမာ၊ လင်္ဃမာ၊ မဟိမာ၊ ပတ္တိမာ၊ ကမ္မ၊ ဤသိတာ၊ ဝသိတာ၊
ယတ္တကာမဝသယိတာ ဟူသော၊ ဘာသာမဂဒို၊ ရာဇဂြိုဟ် ဥဒါန်းနှင့်အညီ၊ ရံသီနေပြောက်၊ ပြတင်းပေါက်၌၊
မြင်လောက်ရုံသော အနုမြူပမာ၊ သိမ်မွေ့စွာသောကိုယ်တော်ကို၊ ငယ်အောင်ဖန်ဆင်းတော်မူနိုင်ခြင်း၊ ရေပြင်မြေမိုး၊
ပျံလျှိုးငုပ်လွှား၊ သွားတော်မူနိုင်ခြင်း။ ကြီးစေလိုက၊ မြင်းမိုရ်ပြန်ရာ၊ တို့ထက်သာ၍၊ စကြာဝဠာတိုက်လုံး
အုပ်ဖုံးပတ်လှည့်၊ ကိုယ်တော်ပြည့်အောင်၊ တရှိထိုင်တော်မူနိုင်ခြင်း။ မြေထုရေထု၊ မေရုပဗ္ဗတာ၊ သီလာတောင်ထပ်၊
အတွင်းရပ်ကို၊ ကျဉ်းကျပ်ပိတ်ဆီးခြင်းမရှိ၊ ပကတိကောင်းကင်၊ ဟင်းလင်းပြင်ကဲ့သို့၊ လျှိုးဝင်ထွင်းဖေါက်၊
ကြွရောက်တော်မူနိုင်ခြင်း။ မနောဓိဋ္ဌာန်၊ စိတ်တော်ကြံတိုင်း၊ ကမ္မာကမ္မ၊ ဟူသမျှကို၊ ကုံငပြီးမြောက်တော်မူနိုင်ခြင်း။
သုံးဆယ့်တစ်ပုံ၊ အလုံးစုံကို၊ ဥဿုံပိုင်တော်မူနိုင်ခြင်း။ လောကီဈာန်ရပ်၊ သမာပတ်ကို၊
မပြတ်ဝင်ကာ၊ လိုတင်းပါအောင်၊ လေ့လာတော်မူနိုင်ခြင်း။ သက်မရှိသည့်၊ ဂီရိဗဟို၊ တောင်မြင်းမိုရ်မှလည်း၊
လိုတော်လိုက်ကာ၊ ညွတ်ရိုက်လာရခြင်းတည်းဟူသော၊ တန်ခိုးတော်ရှစ်ဦး၊ ဘုန်းတော်ထူးဖြင့်၊ အံ့ကျူးပြီးပိုင်၊
မချီးနိုင်၍၊ တစ်ပြိုင်တည်လျက်၊ တစ်ပြိုင်ပျက်သော၊ စကြာဝဠာတိုက်နေ၊ သိန်းကုဋေလုံး၊ ရွှေမုဋ္ဌာန်စွမ်း၊
အာဏာလွှမ်း၍၊ ထဲဝမ်းစိမ့်စိမ့်၊ ကြက်သီးဖိမ့်မျှ၊ ခြိမ့်ခြိမ့်ကြွေးကြော်၊ ပူဇော်ကြရာ၊ သုံးရွာလုံး
တန်ဆောင်၊ မင်းခေါင်မင်းဖျား၊ မင်းတရားအစစ်လည်း ဖြစ်တော်မူထသော---
၁၁။ လောကသုံးရွာ၊ သတ္တဝါတို့၏၊ ခန္ဓာရုပ်နာမ်ဝယ်၊ အဖန်ဖန်ကပ်ငြိလျက်၊
ဖိစီးနှိပ်စက်တတ်သော၊ ပီဠနအ
နက်။ ကံ စိတ် ဥတု အဟာရတည်းဟူသော အကြောင်းတရား လေးပါးတို့သည်၊
ပြုပြင်စီရင်အပ်သော သင်္ခ
တအနက်။ မရောင့်ရဲစွာ၊ သတ္တဝါတို့ကို၊ လောင်ဆာပူပန်စေတတ်သော သန္တာပအနက်။
ဇရာ မရဏ၊ သောက၊
ပရိဒံတို့ဖြင့်၊ ဖောက်ပြန်ပျက်စီးတတ်သော ဝိပရိဏာမအနက်တည်းဟူသော
လေးပါးသော ဒုက္ခသစ္စာ၏ အ
နက်တို့ကိုလည်းကောင်း၊ အစမထင်၊ သင်္သရာ၌၊ လူးလာစုန်ဆန်၊ အဖန်ဖန်
သွားလာစေခြင်းငှာ၊ အားထုတ်
တတ်သော၊ အာယုဟနအနက်။ ဝဋ်ဆင်းရဲအပေါင်း၏ အကြောင်းမူလဖြစ်သော၊
နိဒါနအနက်။ ဝဋ်ဆင်းရဲ၌၊
အမြဲပျော်ရွှင်၊ တမင်မင်ဖြင့်၊ ကျင်လည်စေတတ်သော သံယောဂအနက်။
ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း
ဖြစ်သော မဂ္ဂသစ္စာကို၊ ဆီးကာတားမြစ်တတ်သော ပလိဗောဓအနက်တည်းဟူသော
လေးပါးသော သမုဒယ
သစ္စာ၏ အနက်တို့ကိုလည်းကောင်း၊ သံသရာဝဋ်မှ၊ ထွက်လွတ် ကူးမြောက်ပြီးသော
နိဿရဏအနက်။ သင်္ခါ
ရတို့မှ ဆိတ်သော ဝိဝေကအနက်။ ပြုပြင်ခြင်းကင်းသော အသင်္ခတအနက်။
သေခြင်းစသော ဒုက္ခခပ်သိမ်းမှ၊
ကင်းငြိမ်းချမ်းသာသော အမတအနည်းတည်းဟူသော လေးပါးသော နိရောဓသစ္စာ၏
အနက်တို့ကိုလည်း
ကောင်း၊ ဝဋ်ဒုက္ခအပေါင်းတို့မှ ကောင်းစွာထွက်မြောက်တတ်သော နိယျာနိကအနက်။
နိဗ္ဗာန်သို့ ရောက် ကြောင်းဖြစ်သော ဟေတုအနက်။ နိဗ္ဗာန်ကိုမြင်တတ်သော ဒဿနအနက်။ သင်္ခါရတရားမျိုးတို့ကို
အစိုးရ
သော အဓိပတေယျ အနက်တည်းဟူသော လေးပါးသော မဂ္ဂသစ္စာ၏ အနက်တို့ကိုလည်းကောင်း၊
အကြောင်း
အကျိုးအားလျော်စွာ၊ လေးသစ္စာတို့ကို၊ ဒဿနာကာရဖြင့်၊ သောဠသဝေဖန်၍၊
ရွှေဉာဏ်ထင်ထင်၊ ရွှေလက်
တင် ပတ္တမြားကဲ့သို့၊ ပိုင်းခြားသိမြင်တော်မူသည့်အလျောက်၊ အထောက်
အခံ၊ ကံဉာဏ်ကြီးရင့်၊ ပွင့်ထိုက်သော
သတ္တဝါ၊ ဝေနေယျာတို့ကို၊ ပွင့်ပါစေနှလုံးဖြင့်၊ စွေချုန်းထစ်ကြိုး၊
ရှစ်ကိုးနယ်ကုန်၊ သုန်သုန်ပြင်းဝှန်၊ ရွာဖျန်း
သွန်းသော၊ မေဃဝန်တမျှ၊ ဓမ္မဘေရီ၊ မေဒနီကို၊ နာရီမလပ်၊ လူနှင့်နတ်အား၊
မပြတ်တိုက်ကျွေး၊ ပေးတော်မူ
တတ်သော သုံးရပ်လုံးဆရာ၊ ဒေဝါဓိဒေဝန္ဒ၊ ဗြဟ္မာဓိဗြဟ္မန္ဒ၊ တိဘဝပါရဂူ၊
အဘိဘူပါမောက္ခ၊ အနုတ္တရသင်းကျစ်၊ မဟာဓမ္မရာဇ်၊ မြတ်ရှင်ချစ်ကို၊ (အဟံ၊ အကျွန်ုပ်သည်၊ ဝန္ဒေ ဝန္ဒာမိ၊ လက်စုံမိုး၍၊ ရှိခိုးပါ၏ဘုရား။ ဝန္ဒေဝန္ဒာမိ၊ ဂုဏ်တော်ထုံမွှမ်း၊ ပုံတော်မှန်းလျက်၊ ချီးမွမ်းထောမနာ၊
ပဏာရိုကျိုး၊ လက်စုံမိုး၍၊ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။)
(ဤဘလော့ဂ်မှ အချက်အလက်များကို ဘာသာသာသနာ ပြန့်ပွားရေးအတွက် ဆောင်ရွက်လိုကြသော
မည်သူမဆို စိတ်ကြိုက်ရယူ သုံးစွဲနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ ) ဤသို့ ကုသိုလ်ဒါန ပြုရသော
ကောင်းမှုကြောင့် တောင့်တအမှု နိဗ္ဗာန်ဆုကို လွယ်ကူလျင်မြန်စွာ ရရပါလို၏။ ဝင်ရောက် ဖတ်ရှုသူအ
ပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေကုန်သတည်း။ ) ဦးမြင်သိန်း (စုဆောင်းသူ)