မင်္ဂလသုတ် ၀တ္ထု
မင်္ဂလာတရားတော်ကို ဗုဒ္ဓရှင်တော်ဘုရား မဟောကြားမီအခါက လူ့လောကတစ်ခွင်၌ မင်္ဂလာ
နှင့်ပတ်သက်၍ သူ့ထက်ငါ အမျိုးမျိုးထင်မြင်ယူဆ ပြောဆိုကြကုန်၏။
အချို့သူတို့က မျက်စိဖြင့်မြင်ရသော အလွန်လိုချင်နှစ်သက်ဖွယ်ကောင်းသော အဆင်းရုပ်၀ါကို
မင်္ဂလာဟု ဆိုကုန်ကြ၏။
အချို့သူတို့က နားဖြင့်ကြားရသော အလွန်သာယာချိုအေးကြည်လင် နှစ်သက်ဖွယ်ကောင်း
သော အသံကို မင်္ဂလာဟု ဆိုကုန်ကြ၏။
အချိုသူတို့က နှာခေါင်း၊ လျှာ၊ ကိုယ်တို့ဖြင့် တွေ့ထိရသော အလွန်သင်းပျံ့ မွှေးကြိုင်သောရ
နံ့၊ အလွန်ချိုမြိန် ကောင်းမွန်သောအရသာ၊ အလွန်နှစ်သိမ့် ချမ်းသာသော အတွေ့တို့ကို မင်္ဂလာဟု ဆိိုကြကုန်၏။
တစ်ဦးအယူအဆကို တစ်ဦးက လက်မခံကြချေ။ သူတစ်မျိုး ငါတစ်ဖုံ ထင်မြင်ယူဆ သုံးအုပ်
စု ကွဲကြကုန်၏။ ထိုအုပ်စု အကွဲသည် လူများ၌သာမက လူတို့ကို စောင့်ရှောက်သော ကိုယ်စောင့်နတ်
မှစ၍ ဘုမ္မစိုး၊ အာကသစိုး၊ စတုမဟာရာဇ်၊ တာ၀တိံသာ၊ ယာမာ အစရှိသော နတ်ဗြဟ္မာများတိုင်
အောင် ကွဲလေ၏။ တစ်ဆယ့်နှစ်နှစ်တိုင်အောင် ကြာမြင့်လေသည်။ အဖြေမှန်ကာ မရကြပေ။
ထိုအခါ မင်္ဂလာပြဿနာသည် တာ၀တိံသာနတ်ပြည် သုဓမ္မာနတ်သဘင် အစည်းအေ၀း၌ သ
ကြားမင်းထံ ဖြေရှင်းပေးဖို့ရန် ရောက်ရှိလာလေ၏။ ပကတိအားဖြင့် ပညာရှိသော သကြားမင်းသည် မိမိ ဖြေဆိုခြင်းငှာ မစွမ်းနိုင်သော်လည်း'' ဉာဏ်ရှိသောကြောင့်''
အချင်းနတ်သားတို့-ဤပြဿနာ
သည်ဘယ်ကစ၍ ဖြစ်ပေါ်လာသနည်းဟုမေးရာ လူ့ပြည်မှစတင်ဖြစ်ပေါ်လာကြောင်း လျှောက်တင်ကြ
လေ၏။ ယခုအခါ မြတ်စွာဘုရားသည် ဘယ်မှာသီတင်းသုံး နေတော်မူသနည်းဟု မေးမြန်းရာ သာ၀တ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူပါသည်ဟု လျှောက်တင်ကြလေ၏။
''အချင်းနတ်တို့-
မီးတောက်ကိုပစ်၍ ပိုးစုန်းကြူးကို မီးရအောင် ဘာကြောင့်မှုနေကြသနည်း''
ဟုဆိုကာ နတ်သားတစ်ယောက်အား သာ၀တ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ
သော မြတ်စွာဘုရားထံ သွား၍ မင်္ဂလာတရားတော်ကို ဟောကြားတော်မူပါမည့်အကြောင်း လျှောက်
ထားရန် တာ၀န်ပေးလေသည်။ နတ်တို့အရှင် သိကြားမင်းကိုယ်တိုင်လည်း နတ်ပေါင်းများစွာ ခြံရံ
လျက် မင်္ဂလာတရားတော်ကို နာယူရန် ကြွရောက်လာလေ၏။ စကြ၀ဠာတစ်သောင်းမှာ နတ်ဗြဟ္မာ
အပေါင်းတို့လည်း စေု၀ကြွရောက်လာကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် မင်္ဂလာတရားတော်ကို ဟောကြားတော်မူလေရာ ကုဋေတစ်သိန်း
သော နတ်ဗြဟ္မာတို့မှာ ရဟန္တာဖြစ်ကြ၍ အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန်ဖြစ်သော နတ်တို့မှာ မ
ရေ မတွက်နိုင်ဟု ဆို၏။
မင်္ဂလာဆိုသည်မှာ ကြီးပွားချမ်းသာကြောင်း တရားကိုဆို၏။ဤသုတ်၌ ကြီးပွားချမ်းသာ
ကြောင်းတရား သုံးဆယ့်ရှစ်ပါးတို့ကို ဟောတော်မူသောကြောင့် မင်္ဂလသုတ်ဟု ခေါ်တွင်၏။
ရွတ်သူ နာသူ ကျင့်ကြံသူတို့အား ကောင်းမြတ်သော ကျက်သရေ မင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံစေတော်မူ၏။ ထို့ကြောင့် ရှေးဆရာတို့က
-
ဇေယျတု။
'' ဒေ၀ါနရ၊ ပိုင်သစိုးမှူး၊ ဂုဏ်ကိုးဦးနှင့်၊ ကျေးဇူးကြီးထု၊ သဗ္ဗညုဘုရား၊ ဟော
ကြားမြွက်ဖေါ်၊ ပရိတ်တော်ကြီး၊ ဘေးဆီးရံတား၊ အကျိုးအားကို၊ ခြားနားသိသာ၊ ထုတ်ပြပါအံ့။
မဟာမင်္ဂလ၊ ပရိတ္တဟု၊ သဗ္ဗေ၀ရိ၊ အောင်ဘိချမ်းသာ၊ ရှည်စွာအသက်၊ ဘုန်းကျက်သရေ၊
ထွေထွေမင်္ဂလာ၊ ပြည့်စုံရာ၏''ဟု စပ်ဆိုတော်မူကြကုန်၏။
ဤသုတ်ကို ထိမ်းမြားမင်္ဂလာ၊ နားသမင်္ဂလာ၊ အိမ်တက်မင်္ဂလာ စသည်တို့၌ ရွတ်ဖတ်ဖို့
ကောင်းပေသည်။
မင်္ဂလသုတ် ပါဠိ
၁။ ယံ မင်္ဂလံ ဒွာဒသဟိ၊
(ယံ မင်ဂလံ ဒွာဒသဟိ)
စိန္တယိံသု သဒေ၀ကာ။
(စိန်တယိန်သု သဒေ၀ကာ)
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊
(သွတ်ထာနံ နာဓိဂစ်ဆန်တိ)
အဋ္ဌတိံသဉ္စ မင်္ဂလံ။
(အတ်ဌတိန်သင်စ မင်္ဂလံ)
မင်္ဂလသုတ် မြန်မာပြန်
၁။ နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တ နှစ်သက်ကြကုန်သော နတ်လူအပေါင်းတို့သည်၊ တစ်ဆယ့်နှစ်နှစ်တို့ ကာလပတ်လုံး သတ္တ၀ါအများ ကြီးပွားချမ်းသာကြောင်းဖြစ်သောမင်္ဂလာတရား
တော်ကိုကြံစည်ကြလေကုန်၏။ ထိုသို့ကြံစည်ကြလေကုန်သော်လည်း သုံးဆယ့်ရှစ်ပါးအပြားရှိသော မင်္ဂလာတရားတော်ကို
(ကြီးပွားရေး တရားတော်ကို)မသိနိုင်ကြကုန်။
၂။ ဒေသိတံ ဒေ၀ဒေေ၀န၊
(ဒေသိတံ ဒေ၀ဒေေ၀န)
သဗ္ဗပါပ ၀ိနာသနံ။
(သပ်ဗပါပ ၀ိနာသနံ)
သဗ္ဗလောက ဟိတတ္ထာယ၊
(သပ်ဗလောက ဟိတတ်ထာယ)
မင်္ဂလံ တံ ဘဏာမ ဟေ။
(မင်ဂလံ တံ ဘဏာမ ဟေ)
၂။ နတ်တကာတို့ ဥက္ကဌ် ၀ိသုဒ္ဓိနတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် အလုံးစုံသော သတ္တ၀ါတို့၏ အကျိုးစီးပွားအလို့ငှာ ထိုမင်္ဂလာတရားတော်ကို ဟောကြားတော်မူ၏။ သတ္တ၀ါအများ ကြီးပွားချမ်းသာကြောင်းလည်းဖြစ်၏။ ခပ်သိမ်းသော မကောင်းမှုကိုလည်း ဖျက်ဆီးပယ်ဖျောက်တတ်
၏။ အို-သူတော်ကောင်းအပေါင်းတို့-
ထိုမင်္ဂလာတရားတော်ကို(ထို ကြီးပွားရေးတရားတော်ကို)ငါတို့
ရွတ်ဖတ်ကြပါကုန်စို့။
၃။ ဧ၀ံ မေ သုတံ--
(အေ၀ံ မေ သုတံ)
ဧကံ သမယံ ဘဂ၀ါ သာ၀တ္ထိယံ၊
(အေကံ သမယံ ဘဂ၀ါ သာ၀တ်ထိယံ)
အနာထပိဏ္ဍိကဿ အာရာမေ။
(အနာထပိန်ဍိကပ်သ အာရာမေ)
အထ ခေါ အညတရာ ဒေ၀တာ၊
(အထ ခေါ အညတရာ ဒေ၀တာ)
အဘိက္ကန္တာယ ရတ္တိယာ
(အဘိတ်ကန်တာယ ရတ်တိယာ)
အဘိက္ကန္တ ၀ဏ္ဏာ၊
(အဘိတ်ကန်တ ၀ဏ်ဏာ)
ကေ၀လ ကပ္ပံ ဇေတ၀နံ သြဘာသေတွာ။
(ကေ၀လ ကပ်ပံ ဇေတ၀နံ အောဘာသစ်တ၀ါ)
ယေန ဘဂ၀ါ တေနုပသင်္ဂမိ၊
(ယေန ဘဂ၀ါ တေနုပသင်ဂမိ)
ဥပသင်္ကမိတွာ၊ ဘဂ၀န္တံ အဘိ၀ါဒေတွာ၊
(ဥပသင်ကမိတ်တ၀ါ၊ ဘဂ၀န်တံ အဘိ၀ါဒစ်တ၀ါ)
ဧကမန္တံ အဋ္ဌာသိ။
(အေကမန်တံ အတ်ဌာသိ)
ဧကမန္တံ ဌိတာခေါ သာ ဒေ၀တာ၊
(အေကမန်တံ ဌိတာခေါ သာဒေ၀တာ)
ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။
(ဘဂ၀န်တံ ဂါထာယ အစ်ဇဘာသိ)
၃။ အရှင်ဘုရား မဟာကဿပ-
ကျွန်ုပ် အာနန္ဒာမထေရ်သည် ဤ မင်္ဂလသုတ် အမိန့်တော်ကို ရှင်တော်ဘုရား မျက်မှောက်
တော်မှ ဤသို့သော အခြင်းအရာဖြင့်သာလျှင် ကြားနာမှတ်ဆောင်ရ၏။
အခါတပါး မြတ်စွာဘုရားသည် သာ၀ိတ္ထိမြို့အနီး အနာထပိဏ်သဌေးဆောက်လုပ်လှူဒါန်း
အပ်သော ဇေတ၀န်ကျောင်းတိုက်ကြီး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အမျိုးအမည်အားဖြင့် မထင်မရှား အလွန်နှစ်လိုဖွယ်အဆင်းရှိသော နတ်သားတစ်ယောက်သည် ညဉ့််ဦယံလွန်ပြီးသော သန်း
ခေါင်ယံအခါ၌ အလုံးစုံသော ဇေတ၀န်ကျောင်းတိုက်ကို ကိုယ်ရောင်ကိုယ်၀ါဖြင့် ထွန်းလင်းစေပြီးလျှင်
မြတ်စွာဘုရားရှိတော်မူရာသို့ ချဉ်းကပ်လေ၏။ ချဉ်းကပ်ပြီးသောအခါ မြတ်စွာဘုရားကို အလွန်ရိုသေ
စွာရှိခိုး၍ ေ၀းနီးလေညာ မြင့်ရာရှေ့နောက် ပြစ်ခြောက်ကင်းကွာ သင့်တင်လျောက်ပတ်စွာသော နေရာ
၌ ရပ်လေ၏။ ရပ်ပြီးလတ်သော် ထိုနတ်သားသည် မြတ်စွာဘုရားကို ဤသို့ လျှောက်ထားတောင်းပန်
၏။
၄။ ဗဟူဒေ၀ါ မနုဿာ စ၊
(ဗဟူဒေ၀ါ မနုတ်သာ စ)
မင်္ဂလာနိ အစိန္တယုံ၊
(မင်ဂလာနိ အစိန်တယုံ)
အာကင်္ခမာနာ သောတ္ထာနဲံ၊
(အာကင်ခမာနာ သွတ်ထာနံ)
ဗြူဟိ မင်္ဂလ မုတ္တမံ။
(ဗြူဟိ မင်ဂလ မုတ်တမံ)
၅။ ဘုန်တော်ကြီးသော မြတ်စွာဘုရား-
နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တ နှစ်သက်ကြကုန်သော နတ်လူအများတို့သည် သတ္တ၀ါအ
များ ကြီးပွားချမ်းသာကြောင်းဖြစ်သော မင်္ဂလာတရားတောက်ကို ကြံစည်ကြလေကုန်ပြီ။ ထိုသို့ကြံစည်
ကြကုန်သော်လည်း မသိကြပါကုန်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား-အရှင်ဘုရားသည် ထိုထူး
မြတ်လှသော မင်္ဂလာတရာတော်ကို ဟောကြားတော်မူပါကုန်လော့။
၅။ အသေ၀နာ စ ဗာလာနံ၊
(အသေ၀နာ ၀ ဗာလာနံ)
ပဏ္ဍိတာနဉ္စ သေ၀နာ၊
(ပန်ဍိတာနင်စ သေ၀နာ)
ပူဇာ စ ပူဇနေယျာနံ၊
(ပူဇာ စ ပူဇနေယာနံ)
ဧတံ မင်္ဂလ မုတ္တမံ။
(အေတံ မင်ဂလ မုတ်တမံ)
၅။ အိုနတ်သား-
သူမိုက်တို့ကို မမှီ၀ဲ မဆည်းကပ်ခြင်း၊ ပညာရှိတို့ကို မှီ၀ဲဆည်းကပ်ခြင်း၊ ပူဇော်
ထိုက်သူတို့ကို ပူဇော်ခြင်း၊ ဤတရားသုံးပါးသည် မြတ်သောမင်္ဂလာမည်၏ဟူ၍ မှတ်လေ့လော့။။
၆။ ပဋိရူပ ဒေသ၀ါသော စ၊
(ပဋိရူပ ဒေသ၀ါသော စ)
ပုဗ္ဗေ စ ကတပုညတာ၊
(ပုတ်ဗေစ ကတပုံညတာ)
အတ္တသမာ ပဏိဓိ စ၊
(အတ်တသမာ ပဏီဓိ စ)
ဧတံ မင်္ဂလ မုတ္တမံ။
(အေတံ မင်ဂလ မုတ်တမံ)
၆။ အိုနတ်သား-
လျော်ကန်သင့်မြတ်သော အရပ်၌ နေထိုင်ခြင်း၊ ရှေးရှေးဘ၀၌ ပြုခဲ့ဘူးသော ကု
သိုလ်ကောင်းမှု ရှိသူဖြစ်ခြင်း၊ အကျင်းတရား မပျက်ပြားအောင် မိမိကိုယ်စိတ်ကို ကောင်းစွာ ထိန်
သိမ်း စောင့်ရှောက်ခြင်း၊ ဤတရားသုံးပါးသည် မြတ်သောမင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
၇။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊
(ဗာဟုသစ်စင်စ သိပ်ပင်စ)
၀ိနယော စ သု သိက္ခိတော။
(၀ိနယော စ သု သိပ်ခိတော)
သုဘာသိတာ စ ယာ ၀ါစာ၊
(သုဘာသိတာ စ ယာ ၀ါ စာ)
ဧတံ မင်္ဂလ မုတ္တမံ။
(အေတံ မင်ဂလ မုတ်တမံ)
၇။ အို-နတ်သား-
အကြားအမြင် များသောသူဖြစ်ခြင်း၊ လက်မှုပညာအစရှိသော အတတ်တို့ကို တတ်မြောက်ခြင်း၊ ကောင်းစွာ သင်ကြားပြီးသော ကိုယ်ကျင့် ၀ိနည်းတရားရှိခြင်း၊ ကောင်းစွာ ပြောဆို
အပ်သော စကားရှိခြင်း၊ ဤတရားလေးပါသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
၈။ မာတာ ပိတု ဥပဋ္ဌာနံ၊
(မာတာ ပိတု ဥပတ်ဌာနံ)
ပုတ္တ ဒါရဿ သင်္ဂဟော၊
(ပုတ်တ ဒါရတ်သ သင်ဂဟော)
အနာကုလာ စ ကမ္မန္တာ၊
(အနာကုလာ စ ကမ်မန်တာ)
ဧတံ မင်္ဂလ မုတ္တမံ။
(အေတံ မင်ဂလ မုတ်တမံ)
၈။ အို-နတ်သား-
အမိအဘတို့ကို လုပ်ကျွေးမွေးမြူခြင်း၊ သားမယားတို့ကို ချီးမြောက် ထောက်ပံ့
ခြင်း၊ လယ်ယာ ကုန်သွယ် ရောင်း၀ယ်ခြင်းစသော အနှောင့်အယှက် မရှိသော အမှုတို့ကို ပြုလုပ်ခြင်း၊ ဤ တရားသုံးပါးတို့သည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊
ဒါနင်စ ဓမ်မစရိယာ စ၊
Óတကာနဉ္စ သင်္ဂဟော၊
(ညာတကာနင်စ သင်ဂဟော)
အန၀ဇ္ဇာနိ ကမ္မာနိ၊
(အန၀စ်ဇာနိ ကမ်မာနိ)
ဧတံမင်္ဂလ မုတ္တမံ။
(အေတံ မင်ဂလ မုတ်တမံ)
၉။ အို-နတ်သား-
ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း၊ သုစရိုက်တရားဆယ်ပါးတို့ကို ကျင့်သုံးခြင်း၊ အဆွေအမျိုးတို့ကို ချီးမြှောက်ထောက်ပံ့ခြင်း၊ ဥပုသ်သီလစောင့်ခြင်း၊ ရေတွင်းရေကန် တူးခြင်းစသော
အပြစ်မရှိသော အမှုအလုပ်တို့ကို ပြုလုပ်ခြင်း၊ ဤတရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
၁၀။ အာရတီ ၀ိရတီ ပါပါ၊
(အာရတီ ၀ိရတီ ပါပါ)
မဇ္ဇပါနာ စ သံယမော၊
(မစ်ဇပါန စ သံယမော)
အပ္ပမာဒေါ စ ဓမ္မေသု၊
(အပ်ပမာဒေါ စ ဓမ်မေသု)
ဧတံ မင်္ဂလ မုတ္တမံ။
(အေတံ မင်ဂလ မုတ်တမံ)
၁၀။ အို-နတ်သား-မကောင်းမှုမှ စိတ်ဖြင့် ေ၀းစွာရှောင်ခြင်း၊ မကောင်းမှုမှ ကိုယ်နှုတ်တို့ဖြင့် အ
ထူးရှောင်ကြဉ်ခြင်း၊ သေရည် သေရက်သောက်ခြင်းမှ ကောင်းစွာ ရှောင်ကြဉ်ခြင်း၊ ကုသိုလ်ကောင်းမှု
တို့၌ မမေ့မလျော့ခြင်း၊ ဤတရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
၁၁။ ဂါရေ၀ါ စ နိ၀ါတော စ၊
(ဂါရေ၀ါ စ နိ၀ါတော စ)
သန္တုဋ္ဌီ စ ကတညုတာ။
(သန်တုတ်ဌီ စ ကတညုတာ)
ကာလေန ဓမ္မဿ၀နံ၊
(ကာလေန ဓမ်မတ်သ၀နံ)
ဧတံ မင်္ဂလ မုတ္တမံ။
(အေတံ မင်ဂလ မုတ်တမံ)
၁၁။ အို-နတ်သား-
ရိုသေထိုက်သူကို ရိုသေခြင်း၊ မာန်မာနကို နှိမ့်ချခြင်း၊ ရသမျှနှင့် ရောင့်ရဲ
လွယ်ခြင်း၊ သူပြုဖူးသော ကျေးဇူးကို သိခြင်း၊ သင့်လျော်သောအခါ၌ သူတော်ကောင်းတရား နာခြင်း၊
ဤတရားငါးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
၁၂။ ခန္တီ စ သော၀စဿတာ၊
(ခန်တီ စ သော၀စပ်သတာ)
သမဏာနဉ္စ ဒဿနံ၊
(သမဏာနင်စ ဒတ်သနံ)
ကာလေန ဓမ္မသာဂစ္ဆာ၊
(ကာလေန ဓမ်မသာဂစ်ဆာ)
ဧတံ မင်္ဂလ မုတ္တမံ။
(အေတံ မင်ဂလ မုတ်တမံ)
၁၂။ အို-နတ်သား-
သည်းခံခြင်း၊ သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာယူလွယ်ခြင်း၊
ရဟန်းသူမြတ်တို့ကို ဖူးမြင်ခြင်း၊ သင့်လျှော်သောအခါ၌ တရားစကားကို ဆွေးနွေးမေးမြန်းခြင်း၊ ဤ
တရားငါးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
၁၃။ တပေါ စ ဗြဟ္မစရိယဉ္စ၊
(တပေါ စ ဗြန်မစရိယင်စ)
အရိယသစ္စာန ဒဿနံ၊
(အရိယသစ်စာန ဒတ်သနံ)
နိဗ္ဗာန သစ္ဆိကိရိယာ စ၊
(နိတ်ဗာန သစ်ဆိကိရိယာ စ)
ဧတံ မင်္ဂလ မုတ္တမံ။
(အေတံ မင်ဂလ မုတ်တမံ)
၁၃။ အို-နတ်သား-
ခြိုးခြံစွာ ကျင့်ခြင်း၊ မြတ်သော အကျင့်ကိုကျင့်ခြင်း၊ အရိယာသူတော်ကောင်း
တို့၏ သစ္စာလေးပါးတရားကို သိမြင်ခြင်း၊ တဏှာမှထွက်မြောက်ရာ အရဟတ္တဖိုလ်တည်းဟူသော
နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၊ ဤတရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
၁၄။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊
(ဖုတ်ဌပ်သ လောကဓမ်မေဟိ)
စိတ္တံ ယဿ န ကမ္ပတိ၊
(စိတ်တံ ယပ်သ န ကမ်ပတိ)
အသောကံ ၀ိရဇံ ခေမံ၊
(အသောကံ ၀ိရဇံ ခေမံ)
ဧတံ မင်္ဂလ မုတ္တမံ။
(အေတံ မင်ဂလ မုတ်တမံ)
၁၄။ အို-နတ်သား-
လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ကြုံသော ရဟန္တာ၏စိတ်သည် မတုန်မ
လှုပ်၊ စိုးရိမ်ကြောင့်ကြခြင်းလည်း မရှိ၊ ကိလေသာ ရမ္မက်ဟူသော မြူလည်းမရှိ၊ ကြောက်ထိတ် လန့်
တွေး ဘေးလည်းမရှိ။ ဤတရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
၁၅။ ဧတာဒိတာနိ ကတွာန၊
(အေတာဒိတာနိ ကတ်တ၀ါန)
သဗ္ဗတ္ထ မပရာဇိတာ။
(သပ်ဗတ်ထ မပရာဇိတာ)
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊
(သပ်ဗတ်ထ သွတ်ထိန် ဂစ်ဆန်တိ)
တံ တေသံ မင်္ဂလ မုတ္တမံ။
(တံ တေသံ မင်ဂလ မုတ်တမံ)
၁၅။ အို-နတ်သား-
နတ်နှင့်တကွသော လူတို့သည် ဤသုံးဆယ့်ရှစ်ပါး အပြားရှိသော မင်္ဂလာတ
ရားတော်တို့ကို သင်ယူ လိုက်နာ ကျင့်သုံးအားထုတ်ကုန်သည်ရှိသော် အလုံးစုံသော အရပ်တို့၌ ရန်သူ
တို့သည် မအောင်မြင်နိုင်ကြသဖြင့် ကြည်လင်အေးမြ ချမ်းသာခြင်းသို့ ရောက်ကြရကုန်၏။ အို-နတ်
သား-ထို သုံးဆယ့်ရှစ်ပါးသော မင်္ဂလာတရာတော်သည်သာလျှင် လူနတ်တို့၏ မြတ်သော မင်္ဂလာ
မည်၏ဟူ၍ မှတ်လေလော့။
မင်္ဂလသုတ်မြန်မာပြန်ပြီး၏။
No comments:
Post a Comment